နတ်မောက်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေဘဏ်ခွဲတွင် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေး

နတ်မောက်   ဇွန်  ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူကြီး များအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၂၇)ရက်နေ့မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ် ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်မှာကြားချက်များနှင့်အညီ ထုတ်ချေး ပေးလျက်ရှိသည်။

၂၀၂၁ခုနှစ် ဇွန်လ(၄)ရက်နေ့ နံနက်(၀၉:၃၀)နာရီတွင် ရွာတော်အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူ(၇၅)ဦးသို့ နှမ်း(၅၀၀)ဧက အတွက်ချေးငွေ ပမာဏကျပ်-( ၅၀၀.၀၀)သိန်း ထုတ်ချေး ပေးလျက်ရှိပြီး  (၄.၆.၂၀၂၁)နေ့အထိ ကျေးရွာအုပ်စု(၃)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူ(၁၃၅)ဦး သို့စပါး (၁၃)ဧက၊နှမ်း (၈၄၈)ဧက အတွက် ချေးငွေ ကျပ်(၈၆၇.၅၀)သိန်း ထုတ်ချေး ပေးပြီးဖြစ်ပါကြောင်း၊ ထုတ်ချေးရန် ကျန်ရှိနေ သော ကျေးရွာအုပ်စုများမှ ၂၀၂၀-မိုးပြေကျေသည့် ဘဏ်အဖွဲ့ဝင် တောင်သူဦးကြီးများအား ဆက်လက် ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

၂၀၂၁-မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား  ကျေးရွာအုပ်စု(၇၅)အုပ်စု ဘဏ်အဖွဲ့ဝင် တောင်သူ လယ်သမား ဦးကြီးများသို့ စပါးဧက(၃၀၀၀)နှင့် အခြား  သီးနှံဧက (၅၆၅၀၀)အတွက် ချေးငွေပမာဏ ကျပ်( ၆၁၀၀၀.၀၀) သိန်း ထုတ်ချေးပေးရန် လျာထားလျက်  ရှိကြောင်း ဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။

ဖြိုးအိအိဇော်   (  နတ်မောက်  )