မင်းလှ ဇွန် ၄ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ဇွန်လ ၁ ရက်နေ့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းပေါင်း (၁၅၅) ကျောင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ (၈၈၅၅) ဦး အေးချမ်းစွာ တတ်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ အခြေခံပညာကျောင်းများတွင် ကျောင်းတတ်/ကျောင်းဆင်းခြင်းပုံစံအား စာသင်ချိန်မလျော့ပဲ ကျောင်းအုပ်ကြီးများ၏ အစီအမံတိုင်းသာ သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။ မင်းလှမြို့နယ်တွင် မူလတန်း၊ အလယ်တန်း၊အထက်တန်းအတွက်တတ်ရောက်ရမည့်ရှိရင်းကျောင်း သား ကျောင်းသူစာရင်းမှာ (၂၁၅၉၁) ဦးရှိ၍ ( ၂၀၂၁-၂၀၂၂) ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ ပြီးစီးသည့် ကျောင်းသား/သူ စုစုပေါင်း (၁၀၇၉၂) ဦးရှိပြီး၊ ဆရာ၊ ဆရာမပေါင်း(၁၁၂၇) ဦးက သင်ကြားပေးလျက်ရှိရာ ယနေ့ထိ ကျောင်းတက်ရောက်သူ (၈၈၅၅)ဦးရာ ကျောင်းတတ်ရောက်မှု ရာခိုင်းနူန်းမှာ ၈၂.၀၅ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ပေါက်စ မင်းလှ