သတင်းများ

ငါးမွေးမြူရေးဆိုင်ရာ အခြေခံဆေးထိုး၊ သားဖောက်သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်
Jun 21,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန၏ အမှတ်စဉ် (၅/၂၀၂၁) ပဲခူးအရှေ့ခြမ်း ငါးမွေးမြူရေးဆိုင်ရာ အခြေခံဆေးထိုး၊ သားဖောက်သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ သင်တန်းခန်းမတွင် ယနေနံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၁ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြည်သူ့အားကစားကွင်း၌ ၂၀၂၁ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ၁၉-၆-၂၀၂၁ရက်နေ့မှ၂၀-၆-၂၀၂၁နေ့အထိ (၂)ရက်ကျင်းပခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ စာဖတ်ဝိုင်းကျင်းပ
Jun 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)က စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်အား စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သံတောင်ကြီးမြို့နယ်တွင် ရေသိုလှောင်ကန်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး
Jun 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ဆောင်ရွက်လျက်ရှိပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ မြို့ပြနှင့် ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေရန်ရည်ရွယ်ပြီး သက်သာသောအတိုးနှုန်းဖြင့် စီမံကိန်းအားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ရန်ပုံငွေ အတိုးရငွေ နှင့် ဒေသခံ ပြည်သူထည့်ဝင်ငွေဖြင့် စီပင်ကြီးကျေးရွာအုပ်စု ချောင်းနှစ်ခွကျေးရွာ ရေသိုလှောင်ကန် တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရ သည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ သင်ကြားပို့ချနေမှု အခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 21,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားနေမှုကို ကြိုတင်ကာကွယ်ထားရှိမှု အခြေအနေအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jun 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိကြရာ၌ မြို့ဝင်ဂိတ်တွင်လည်း စစ်ဆေးရေးဂိတ်ထားရှိ၍ ယနေ့က ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးရေးကို ဆောင်ရွက်လျှက်ရှိသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ( ICRC)နှင့် နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီတို့ တွေ့ဆုံဆွေးနွေး
Jun 21,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊  အစည်းအဝေး ခန်းမ၌ ယမန်နေ့ ၁၁ နာရီက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နှင့် နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီတို့ တွေ့ဆုံကာ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းဆောင်ရွက်
Jun 21,2021
မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ကြည်ထွန်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်ဝန်ထမ်း မိသားစုများ အား မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြ မီးငြိမ်းသတ်ခြင်းတို့ကို ဇွန်လ ၁၉ ရက် နံနက်ပိုင်း က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ပြုလုပ်ခဲ့သည်။