တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

တန့်ယန်း  ဇွန်  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိကြရာ၌ မြို့ဝင်ဂိတ်တွင်လည်း စစ်ဆေးရေးဂိတ်ထားရှိ၍ ယနေ့က ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးရေးကို ဆောင်ရွက်လျှက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျှက်ရှိရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ တာဝန်ကျဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက မြို့တွင်းသို့ သွားလာနေကြသော ပြည်သူများ၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်သည့် အနေဖြင့် အပူချိန်တိုင်းတာခြင်း၊ အဝင်အထွက်စစ်ဆေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask တပ်ဆင်စေခြင်းတို့ကို မြို့ဝင်ဂိတ်တွင် နေ့စဉ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

                                                                                                          မင်းလွင်ဦး(ပြန်/ဆက်)