မာန်အောင်ကျေးရွာအုပ်စုသို့ သောက်သုံးရေများ လာရောက်လှူဒါန်း
Jun 04,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းမှ သောက်သုံးရေရှားပါးသည့် ကျေးရွာ များသို့ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များက သောက်သုံးရေများကို လာရောက် လှူဒါန်း ပေးလျက်ရှိရာ မာန်အောင်ကျေးရွာအုပ်စုမှ မာန်အောင်ကျေးရွာနှင့် မရိုးကန်ကျေးရွာများမှ ပြည်သူများအတွက် သောက်သုံးရေများကို မင်းဘူးခရိုင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ကေသွယ်ဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့က လာရောက်၍ မာန်အောင်ကျေးရွာနှင့်မရိုးကန်ကျေးရွာမှ အိမ်ထောင်စု (၂၉၅) စု၊ လူဦးရေ (၁၁၅၀) ဦး တို့ အတွက် သောက်သုံးရေဂါလံ (၁၀၀၀၀) ကိုလာရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။