ကျောက်ကြီး ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားနေမှုကို ကြိုတင်ကာကွယ်ထားရှိမှု အခြေအနေအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးဇော်လင်းထွန်း နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ စာသင်ကျောင်းများတွင် လက်ဆေးဘေစင်များနှင့် ဆပ်ပြာရည်ထားရှိအသုံးပြုမှု၊ စာသင်ခုံများ လိုအပ်မှုအခြေအနေ၊ သောက်သုံးရေ သန့်ရှင်းမှုရှိ/မရှိ၊ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးထားရှိဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Kခိုင်