သံတောင်ကြီး ဇွန် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ဆောင်ရွက်လျက်ရှိပြီး ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ မြို့ပြနှင့် ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေရန်ရည်ရွယ်ပြီး သက်သာသောအတိုးနှုန်းဖြင့် စီမံကိန်းအားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ရန်ပုံငွေ အတိုးရငွေ နှင့် ဒေသခံ ပြည်သူထည့်ဝင်ငွေဖြင့် စီပင်ကြီးကျေးရွာအုပ်စု ချောင်းနှစ်ခွကျေးရွာ ရေသိုလှောင်ကန် တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရ သည်။
အဆိုပါ ရေသိုလှောင်ကန်ဂါလံ(၅၀၀၀)ဆံ့ရေကန် တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်း ခြင်းကို မြစိမ်းရောင်အတိုးရငွေ ကျပ်(၅၂)သိန်းနှင့် ပြည်သူထည့်ဝင်ငွေ ကျပ်(၂၀)သိန်း စုစုပေါင်း ကျပ်(၇၂)သိန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၏ရေလိုအပ်မှုအခက်အခဲ မရှိစေရန် နှင့်များစွာအကျိုးကျေးဇူးပြုသော ရေသိုလှောင်ကန်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)