၂၀၂၁ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ရွှေတောင် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြည်သူ့အားကစားကွင်း၌ ၂၀၂၁ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ၁၉-၆-၂၀၂၁ရက်နေ့မှ၂၀-၆-၂၀၂၁နေ့အထိ (၂)ရက်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများကျင်းပရာ၌ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၉)သင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် လူသစ်တန်း တစ်ဦးချင်း(၉)သင်း၊ နှစ်ယောက်တွဲ(၈)သင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲတွင် မီတာ၁၀၀အလွတ်တန်း (ကျား/မ)၊ မီတာ၁၀၀လူသစ်တန်း (ကျား)၊ မီတာ၁၅၀၀ (ကျား/မ)၊ လှံတံ အလွတ်တန်း(ကျား)၊ သံလုံးအလွတ်တန်း(ကျား/မ)၊ သံပြားအလွတ်တန်း(ကျား/မ) စုစုပေါင်းပြိုင်ပွဲ(၃)မျိုးကျင်းပခဲ့ပြီး (ပ/ဒု/တ)ဆုရရှိသူများအား ငွေသားဆုချီမြှင့်ခဲ့ရာ စုစုပေါင်းဆုကြေးငွေ(၄၅၆၀၀၀)ကျပ်ဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။

ကိုကိုမင်း