နောင်ချို ဇွန် ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ယမန်နေ့ ၁၁ နာရီက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နှင့် နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီတို့ တွေ့ဆုံကာ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)လားရှိုးမှ ရေနှင့်လူနေမှုဆိုင်ရာ အင်ဂျင် နီယာ MS. Dining Tantsi Samiyarsi က ICRC ၏လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေး ကာ မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင်များက မြို့နယ်၏ လုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ကြသည်။
၎င်းနောက် ICRC မှအင်ဂျင်နီယာနှင့်အဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီတို့သည် နောင်ချိုမြို့ သဖန်းကိုင်းပရဟိတကျောင်း၌ ဖွင့်လှစ်ထားသော Quarantine Centre ၊ ကိုဗစ်-၁၉ရောဂါစစ်ဆေးရေးဂိတ်နှင့်ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့ကြပြီး ICRC မှ Maskနှင့် Face Shield တို့ကို လှူဒါန်းပေးခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တို့းက လက်ခံရယူခဲ့သည်။
ICRC အဖွဲ့မှတာဝန်ရှိသူများသည် နောင်ချိုမြို့နယ်၏ တင်ပြမှုအပေါ် အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ် (ပြန်/ဆက်)