ဖျာပုံ ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ မြောက်ပိုင်း ဦးကိုကိုလင်း၏ နေအိမ်တွင် ခြင်ဆေးခွေမှတစ်ဆင့် နေအိမ်မီးလောင်းမှုဖြစ်ပွားခဲ့၍ ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းနှင့် ဆန်၊ စားနပ်ရိက္ခာဖိုးအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်က ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အဆိုပါ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ခရိုင်သဘာဝဘေးကော်မတီ(ဥက္ကဋ္ဌ) ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်းတို့မှ မီးဘေးသင့်အိမ်ထောင်စု(၁)စုလျှင် ဆန်ရိက္ခာဖိုး တစ်ရက်လျှင်(၂၁၀၀)ကျပ်နှုန်းဖြင့် မိသားစု(၆)ဦးအတွက် ငွေ(၁၂၆၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းအတွက်(၁)သိန်းကျပ်၊ ကယ်ဆယ်ရေး ပစ္စည်း(၁၉)မျိုး၊ ASK Kit(တစ်)စုံနှင့်(JACA)စောင်တစ်ထည်၊ ထောက်ပံ့ငွေကျပ် စုစုပေါင်း (၁၁၂၆၀၀)ကျပ်အား ကာယကံရှင်များထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံခရိုင်