ပင်လောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများတွင် ခေတ္တခိုလှုံရန် ရောက်ရှိလာသည့် တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်

ပင်လောင်း       ဇွန်      

 

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် မေလ ၂၆ ရက်နေ့ မှ ဇွန်လ ၄ ရက်နေ့ထိ လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့မှ ခေတ္တခိုလှုံရန် ရောက်ရှိလာသည့် တိုက်ပွဲရှောင် ပြည်သူ ၁၅၂၉ ဦးရှိကြောင်း သိရသည်။

 

ပင်လောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ (၂၆)ခုတွင် ခေတ္တခိုလှုံရန် ရောက်ရှိလာသည့် တိုက်ပွဲရှောင် ပြည်သူအား ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မေလ ၂၆ရက်နေ့မှ ၂၈ရက်နေ့ထိ ရောက်ရှိလာသောပြည်သူ ၈၆၂ ဉီးအတွက် တစ်ဦးလျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်းငွေ ၁၈၁၀၂၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ရာ အဆိုပါ ထောက်ပံ့ငွေများကို  ရပ်ကွက်/ကျေးရွာ (၂၆)ခုမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများက ခေတ္တခိုလုံ ရောက်ရှိလာသည့် တိုက်ပွဲရှောင် ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပြီး ကျန်ရှိနေသည့် တိုက်ပွဲရှောင် ပြည်သူများ ကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်