မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပိတောက်ကုန်းကျေးရွာ စက်ရေတွင်း တူးဖော်ဆောင်ရွက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေး

 

မကွေး ဇွန် ၅

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်သည် အဖွဲ့ဝင်(၁)ဗိုလ်မှူး ကြီးမင်းဦး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မကွေးခရိုင်၊ နတ်မောက် မြို့နယ်၊ သမှုန်းပင်ကျေးရွာအုပ်စု၊ပိတောက်ကုန်းကျေးရွာသို့ ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိခဲ့ပြီး သောက်သုံးရေ ရရှိရေးအတွက် ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ  စက်ရေတွင်း တူးဖော် ဆောင်ရွက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပိတောက်ကုန်းကျေးရွာသို့ရောက်ရှိစဉ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ စက်ရေတွင်းကြီးကြပ်မှုကော်မတီများနှင့် တွေ့ဆုံ၍ နိုင်ငံတော်၏ စေတနာ ကို တန်ဖိုးထားသောအားဖြင့် ယခုတူးဖော်ဆောင်ရွက်ပေးထားသည့် စက်ရေတွင်း အား ရေရှည် တည်တံ့အောင် ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုအခါ ကျောင်းများ ဖွင့်လှစ်နေပြီ ဖြစ်သော်လည်း ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်မှုမှာ နည်းပါးနေ သေး ကြောင်း သိရှိရသည့် အတွက် ပညာသင်ကြားမှု နောက်မကျစေရေးအတွက် မိမိတို့၏ ရင်သွေးငယ်များအား ကျောင်းအပ်နှံ ကြရန်နှင့် ကျောင်းအပ်နှံရန် ကျန်ရှိသူများအား အမြန်ဆုံး ကျောင်းအပ်နှံရေး/ကျောင်းတက်ရောက် စေရေးကို စည်းရုံးဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေးအတွက် လုံခြုံရေး ကိစ္စရပ်များကို ကျေးရွာမှတာဝန်ရှိသူများ၊ရပ်မိရပ်ဖများ၊ မိဘပြည် သူများက စည်းလုံး ညီညွတ်စာဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ အုပ်ချုပ်မှုစနစ် မည်သို့ပင် ပြောင်းလဲ စေကာမူ မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိတို့၏လုံခြုံရေးကို စည်းလုံးညီညွတ်စွာ ဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း မှာကြားဆောင်ရွက်ပြီး တူးဖော်ဆောင်ရွက် လျက်ရှိသည့် စက်ရေတွင်း၏ ရေထွက်ရှိမှုအခြေအနေအား ကြည့်ရှုအားပေးကာ ဒေသခံ ကျေးရွာပြည်သူများ အား နှုတ်ဆက်အားပေး စကား ပြောကြားခဲ့သည်။

အဆိုပါ ပိတောက်ကုန်းကျေးရွာ စက်ရေတွင်း တူးဖော်ခြင်းကို(၂၂-၅-၂၀၂၁) ရက်နေ့တွင် လုပ်ငန်းစတင်ခဲ့ပြီး၊ တွင်းအနက်ပေ(၇၆၀)ပေ တူးဖော်ခဲ့ပြီး၊ ပိုက်အမျိုးအစားဖြင့် တွင်းကာ ပိုက် (၇၅၀)ပေချ၍ တွင်းဆေးလေမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ယခုအခါ တစ်နာရီလျှင် ရေဂါလံ ၁၈၀၀ ခန့်ထွက်ရှိကြောင်းနှင့် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသည့် ဒေသခံ ကျေးရွာ ပြည်သူများ အနေဖြင့်လည်း သန့်ရှင်းသည့် သောက်သုံးရေ(ရေချို)ရရှိခဲ့၍ ဝမ်းမြောက် ပျော်ရွှင်လျက် ရှိကြောင်း သိရသည်။

မောင်ညီညာ