ဟိုင်းကြီးကျွန်း ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ အခြေခံပညာကျောင်းများဖွင့်လှစ်ထားရှိမှုကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၉ နာရီတွင် လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များက အ.ထ.က ကညင်ချောင်း၊ အ.မ.က ကညင်ချောင်း (တ) ၊ အ.ထ.က ကျောက်ချောင်း၊ မူလွန် ခမောက်မော်၊ အ.ထက (စံထူး- စံပြ- အဏ္ဏဝါ)၊ အ.လ.က (ခွဲ) ဟိုင်းကြီးရွာသစ်၊ အ.ထ.က(ဟိုင်းကြီး)ကျောင်းများမှ ကျောင်း အုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ အထောက်အကူပြု အဖွဲ့ဝင်များ၊ ကျောင်း အကျိုးတော်ဆောင်များနှင့် တွေ့ဆုံပြီး ကျောင်းအပ်နှံ ထားရှိမှုများ၊ ကျောင်းနေအရွယ် ကလေးသူငယ်တိုင်း အခြေခံပညာအား သင်ယူနိုင်စေရေး၊ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရေး၊ ကျောင်းဖွင့်ကာလ အတွင်း အဆင်မပြေမှုများ အခက်အခဲများ ကြုံတွေ့ရပါက ချက်ချင်းသတင်းပို့ရန်နှင့် အမြန်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် အခြေခံပညာကျောင်း အသီးသီးရှိ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ အခြေခံ ပညာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)