ပူတာအို ဇွန် ၅
“ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟစနစ်ကိုပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့” ဆောင်ပုဒ် နှင့်အညီ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် ဇွန်(၅)ရက်နေ့တွင်ကျရောက်မည့် ၂၀၂၁- ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပူတာအိုမြို့ မိုးလုံလေလုံအားကစားခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတူးခေါင်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ဖြစ်ပေါ်လာပုံအားရှင်းလင်းပြောကြားကာ ၂၀၁၈-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ် မှတ်တမ်းအားပြသသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်နှင့်တာဝန်ရှိသူများက ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော အခြေခံပညာအထက် တန်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲနှင့်မူကြိုအဆင့် ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကလေး များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပူတာအိုခရိုင် ပဏာမလက်ရွေးစင် အေးရိုးဗစ် သမီး ငယ်လေးများက Physical Fitness Dance အကများဖြင့် ကပြဖျော်ဖြေကြသည်။ ထို့နောက် ခါကာဘိုရာဇီ အမျိုးသားဉယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်စိုးက ခါကာဘိုရာဇီ အမျိုးသားဉယျာဉ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအကြောင်းရှင်းလင်းပြောကြားသည်။
အဆိုပါ ၂၀၂၁-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြိုအခမ်းအနားသို့တက် ရောက်လာ သည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ အဖွဲ့အစည်းများ၊ဆုရကျောင်းသား/သူများနှင့်ဖိတ်ကြားထားသည့်ဧည့်သည်တော်များက ၂၀၂၁ -ခုနှစ် ကမ္ဘာ့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အနေဖြင့်ခင်းကျင်းပြသထားသော ပြခန်းအားလည့် လည်ကြည့်ရှု အားပေးခဲ့ကြပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အနေဖြင့်ထုတ်ဝေသည့် လက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)