မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးကြိုးပစ်ခတ်မှုကြောင့်သေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်

 

မော်လမြိုင်ကျွန်း  ဇွန် 

 

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊  သုံးခွချွန်းကျေးရွာအုပ်စု၊ ကျော်နုကျေးရွာ၌  ဇွန်လ ၃ ရက်နေ့ က မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတစ်ဦးအတွက်  ထောက်ပံ့‌ငွေကို ယမန်နေ့ နေလည် ၂ နာရီအချိန်က ဘေးသင့်မိသားစု လက်ဝယ်အရောက ်သွားရောက်ထောက်ပံ့ပေးခဲ့သည်။

 

အဆိုပါသေဆုံးမှုအတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာလင်း နှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေ  ၃၀၀၀၀၀ ကျပ်တိတိကို  ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူမိသားစုထံသို့ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။    

 

အောင်အောင်(ပြန်/ဆက်)