မိုင်းယောင်း ဇွန် ၅
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး One Stop Shop(OSS)မှဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်း၊ အိမ်ထောင်စု ဇယားပြု လုပ်ခြင်း၊ ပြောင်းဝင်/ပြောင်းထွက် လူဦးရေစာရင်းပေးအပ်ခြင်းကို ယမန်နေ့တွင် အဆိုပါရုံး၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက ပြည်သူတို့၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအပါအဝင် စုစုပေါင်း ဌာန(၁၀)ခုဖြင့် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) ဖွင့်လှစ်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်၊ အိမ်ထောင်စုဇယားနှင့် ပြောင်းဝင်/ ပြောင်းထွက် လူဦးရေစာရင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ လဝကမှူး ဦးပွားမောင်နှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်သည်။
ပြည်သူ့ဝန်ဆောင်မှုရုံးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ နိုင်ငံသား စိစစ်ရေးကတ်ထုတ်ပေးခြင်း၊ အိမ်ထောင်စုဇယားပြုလုပ်ခြင်း၊ ပြောင်းဝင်/ပြောင်းထွက် လူဦးရေ စာရင်းဆောင်ရွက်ပေးခြင်း၊ ဖွား/သေစာရင်းဆောင်ရွက်ပေးခြင်း၊ နှစ်လွန်မွေးတိုး လုပ်ငန်း ဆောင်ရွက်ပေးခြင်း စသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း