မကွေး ဇွန် ၅
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင် က တိုင်းဒေသကြီးအဆင့် ဌာဆိုင်ရာ အကြီးအကဲများကို တွေ့ဆုံရတဲ့ အကြောင်းအရင်းကတော့ ဌာနများအနေနဲ့ လက်ရှိလုပ်ကိုင်နေရတဲ့ လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန်နှင့် အခက်အခဲ များ ရှိပါက ဖြေရှင်းပေးနိုင်ရန်အတွက် တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ ဌာနအလိုက်သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စု ဘတ်ဂျက်ရန်ပုံငွေ၊တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေ၊ ဒေသဖွံ့ ဖြိုးရေး ရန်ပုံငွေတို့ဖြင့် ဆောင်ရွက်လျက်ရှိရာမှာ အမှန်တကယ်လိုအပ်သည့် အရေးကြီးလုပ်ငန်းများ ရှိလာပါက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ ဖြည့်ဆည်း ပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များထဲတွင် ပါဝင်တဲ့ အချက်များအလိုက် မိမိတို့ ဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ဌာနဆိုင်ရာများတွင် CDM ပြုလုပ်တဲ့ ဝန်ထမ်းများနှင့် ပတ်သက်၍ မိမိဌာန၏ ဝန်ထမ်းအင်အား ပြုန်းတီးဆုံရှုံးမှု မရှိစေရေးအတွက် နိုင်ငံရေး လှုပ်ရှားမှုများ တွင် အဓိကပါဝင် ဦးဆောင်သူများမဟုတ်တဲ့ ဝန်ထမ်းများကို မိမိတို့လုပ်ငန်းခွင်သို့ အမြန်ဆုံး ပြန် လည် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် စည်းရုံး၍ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ CDM ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လည်တာဝန်ထမ်းဆောင်လာပါက နိုင်ငံအတွက် ကောင်းမွန်တဲ့ အကျိုးရလဒ် များ ရရှိမှာ ဖြစ်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေး၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်တဲ့ နေရာမှာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများအနေဖြင့် ပြည်သူအကျိုးကို ရှေ့ရှုပြီး အလေးထား ဆောင်ရွက် ပေးကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ ဌာနလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး၊ ဌာနများ၏ တင်ပြဆောင် ရွက်မှုများအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက အကြံပြု ဖြည့်စွတ် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)