ကော့မှူးမြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

ကော့မှူး ဇွန် ၅

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်တွင်းကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၁နာရီက မြို့သစ်ရပ်ကွက် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန(ယာယီ)ရုံးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကျော်ဒေဝ မြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွား မှုမရှိစေရေး အသင့်ပြင်စဉ်ထားရန် ပိုးတွေ့လူနာတွေ့ရှိပါက ဆက်သွယ်ပို့ဆောင်ရန်ကိစ္စရပ်များ၊ စေတနာဝန် ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ သက်ဆိုင်ရာဌာနဆိုင်ရာများ အဆင့်သင့်စုဖွဲ့ပြင်ဆင်ထား ရန်၊ စေတနာဝန်ထမ်းများအား ကျန်းမာရေးအသိပညာများဆောင်ရွက်ပေးရန် ကော်မတီဝင်များပူး ပေါင်းမှု ဖြင့်စနစ်တကျ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ကြရန် ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ ကိုအများပြည်သူ့များ  ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးမှုများ ပူးပေါင်း ဆောင်ရွက် ကြရန် မိမိ၏မြို့နယ်အတွင်း ကိုဗစ်-၁၉လူနာများတွေ့ရှိပါက အချိန်နှင့်တပြေး ညီပို့ဆောင် ကုသနိုင်ရေး ကြိုတင်ဆောင် ရွက်ကြရန်  လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန်ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသောဌာနဆိုင်ရာများ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ပရဟိတအသင်းများ မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြ‌ကြောင်းသိရသည်။

ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတွက် စောင့်ကြည့်လူနာများအား Community Facility Quarantine အား လင်းလွန်းတစ်ထောင်တွင်လျာထားကြောင်းနှင့် မြို့နယ်ကိုဗစ်ကော်မတီ၏ အနီးကပ်ကြီး ကြပ်မှုဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်သူရ