မောင်တော ဇွန် ၅
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သားသမီး များအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွန်ကြားချက်များ နှင့် အညီ ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး မှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း ၊ သားသမီးများအတွက် တက္ကသိုလ်အဆင့် ကျောင်းသား/ သူ (၁၂)ဦးအတွက် တစ်ဦးလျှင် (၅)သောင်း ၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၄)ဦးအတွက် တစ်ဦး လျှင် (၃) သောင်း ၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၆)ဦးအတွက် (၂)သောင်းခွဲ ၊ မူလတန်းအဆင့် ကျောင်းသား/သူ (၉) ဦး အတွက် တစ်ဦးလျှင် (၂)သောင်းကျပ်နှုန်းဖြင့် ကျောင်းသား/သူ စုစုပေါင်း(၃၁)ဦးအတွက် ငွေ(ဆယ်သိန်း ငါး သောင်း ကျပ်တိတိ/-)ကို ခရိုင်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဝန်ထမ်း သား၊သမီးများအား အသီးသီး ထောက်ပံ့ ပေးအပ် ခဲ့ကြပြီး ဝန်ထမ်းမိဘ တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ ကြောင်းသိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)