ကွမ်းခြံကုန်း ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူများ နေ့စဉ်စားသုံးနေ သည့် အသား၊ ငါးများ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် ကိုဗစ် ညွှန်ကြားချက်နှင့်အညီ ဈေးရောင်း ချမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဈေးဆိုင်များအား လိုက်လံ စစ်ဆေးခဲ့ကြ သည်။
ထို့နောက် ကွမ်းခြံကုန်းမြို့နယ်၊ မြို့မဈေးကြီးတွင် ကိုဗစ်ညွှန်ကြားချက်နှင့်အညီ ဈေးရောင်းချ ရန်၊ အလေးတင်း တောင်းမှန်ကန်စေရန်၊ သတ်မှတ်ထားသောနေရာတွင်သာ ဈေးရောင်းချကြရန်နှင့် အသားရောင်းချရာတွင်လည်းသန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် အစားအသောက်တွေ ဘေးအန္တရာယ် ကင်းရှင်းစေဖို့ ကြပ်မတ်ဆောင်ရွက်ခြင်းတာဖြစ်ပါတယ်ဟု မြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးဝင်းမင်းကပြောကြားခဲ့သည်။
အဆိုပါ စစ်ဆေးခြင်းကို ကွမ်းခြံကုန်းမြို့နယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းမင်းနှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။