သတင်းများ

စာမေးပွဲကြီးကြပ်သည့် ဆရာတော်များ၊ စာဖြေသံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်း
Jun 07,2021
အစိုးရပါဠိပထမပြန်စာမေးပွဲကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါစာဖြေဌာန၌ ယနေ့တွင် စတင်ကျင်းပရာ ပထမကြီးတန်းတွင် (၄)ပါးနှင့် အခြေပြုတွင် (၆)ပါးတို့ ဖြေဆိုတော်မူကြကြောင်း သိရသည်။
ကန့်ဘလူမြို့၌ ပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ
Jun 07,2021
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၂၁ (၁၃၈၃) ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ မဟာရွှေစည်ကြီး စေတီတော် သာသနာ့ဗိမာန်တော်၌ ယနေ့ မွန်းတည့် ၁၂ နာရီက စတင်ကျင်းပရာ မြို့နယ် အတွင်းရှိကျောင်းတိုက်များမှ ရဟန်း၊သာမဏေ၊သီလရှင်များ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်သာသနာရေးမှူးဦးစိုးသူထံမှသိရသည်။
မင်းဘူးမြို့တွင် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Jun 07,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲကြီးကို ယနေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအချိန်ထိ မင်းဘူးမြို့၊ အမှတ်(၂) ရပ်ကွက် ဓာတ်တော်ကုန်းဘုရားစေတီတော်ရှိ သံဃသာမဂ္ဂီ သိမ်ဓမ္မာရုံတော် ကြီးအတွင်း၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဂန့်ဂေါမြို့နယ်၌ အကြမ်းဖက် သောင်း ကျန်းသူအဖွဲ့က ပစ်ခတ်သတ်ဖြတ်၊ ဗုံးဖောက်ခွဲမှုဖြစ်စဉ်များမှ ဒဏ်ရာရရှိခဲ့သူ(၂)ဦးအား သွား ရောက်ကြည့်ရှု အားပေးထောက်ပံ့
Jun 07,2021
မကွေးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည်၊ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီးမင်းဦး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီးလှိုင်တင့်နှင့်အတူ တာဝန်ရှိသူများ လိုက်ပါကာ ယနေ့ နံနက် ၁၀ နာရီအချိန်က ယခုနှစ် မေလ ၃၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဂန့်ဂေါမြို့နယ်၌ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က မော်တော်ယာဉ်(၁)စီးအား မီးရှို့ကာ ယာဉ်ပေါ်ပါသူများကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သူ မကွေးမြို့၊ ခုတင်(၁၀၀) စစ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော သူနာပြုဆရာမ ဒေါ်သဲမာထွေးအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားကာ စားသောက်စရာများနှင့် ထောက်ပံ့ငွေများ ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့သည်။
မြဝတီမြို့၊ ရွှေမြင်းဝန်းစေတီတော် သာသနာ့ဟိတကာရီဗိမာန်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Jun 07,2021
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေမြင်းဝန်းစေတီတော်သာသနာ့ဟိတကာရီဗိမာန်တွင် အစိုးရပါဠိပထမ ပြန်စာမေးပွဲ ပထမနေ့ကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်၌ ပါဠိပထမပြန်စာပေးပွဲတွင် စာဖြေသံဃာနှင့်သီလရှင်(၁၀၃)ပါး ဝင်ရောက်ဖြေဆို
Jun 07,2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်၏ ၂၀၂၁ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲကို ယနေ့မွန်းတည့်(၁၂)နာရီတွင် ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီး၊ ဦးခန္တီတန်ဆောင်း၌ ကျင်းပရာ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ပျဉ်းမနားမြို့၊ မဟာလယ်တီစံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဌာနာစရိယ၊ ဘဒ္ဒန္တဣန္ဒာဝုဓ မဟာထေရ်မြတ်ကြီးအမှူးပြုသည့် ဆရာတော်သံဃာတော်ကြီးများက ကြီးကြပ်ဆောင်ရွက်ကြသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အစိုးရပါဋိပထမပြန်စာမေးပွဲ ကျင်းပ
Jun 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အစိုးရပါဋိပထမပြန်စာမေးပွဲ ပထမနေ့ကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် သီရိမင်္ဂလာဗိမာန်၌ ကျင်းပခဲ့သည်။
မြစ်သား၌ တိုင်းရင်းဆေးပညာဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်
Jun 07,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးပညာကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာဆိုင်ရာ (တုပ်ကွေးရောဂါ အကြောင်း) အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။