သတင်းများ

ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (C.B.T) အထောက်အကူပြုသင်တန်းဆင်းပွဲ ကျင်းပ
Jun 07,2021
ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism)  C.B.T  အထောက်အကူပြု သင်တန်းဆင်းပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် မျက်ချီးနုကျေးရွာအုပ်စု ကျောက်တော(စံပြ) ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ နိုင်ငံတော်အစိုးရ ပါဠိပထမပြန် စာမေးပွဲကြီး ကျင်းပ
Jun 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ ဩဝါဒခံယူ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံတော် အစိုးရ ပါဠိပထမပြန် စာမေးပွဲကြီးကို ယနေ့နေ့လည် ၁၂ နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေမှု အခြေအနေအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး
Jun 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေအား ယနေ့ နံနက်(၉)နာရီခွဲက တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့တွင် ၂၀၂၀ ပြည့်နှစ် စာအောင်သံဃာများအား စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင်လက်မှတ် နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကို မင်းလက်ဝဲစေတီ ရင်ပြင်တော် သာသနာ့ဗိမာန်ဓမ္မာရုံကြီး၌ ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန် ကျင်းပပြုလုပ်ခဲ့သည်။
ပြည်မြို့၌ ၂၀၂၁ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
Jun 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ယဉ်ကျေးမှုအားကစားရုံ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က၂၀၂၁ခုနှစ်နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ်သည်။
ချောက်မြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 07,2021
မကွေးတိုင်းဒေသကြီး၊ ​ချောက်မြို့သာသနာ့ဗိမ္မာန်​တော်ကြီး​ပေါ်တွင် ၂၀၂၁ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့ နေ့လယ်(၁၂) အချိန်က စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
သဲကုန်းမြို့ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 07,2021
ပဲခူးတိုင်း‌ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း‌ဒေသကြီး ဦးစီးမှူး ဦးမျိုးသိန်း၊ ပြည်ခရိုင် ကျေးလက်‌ဒေသဖွံ့ဖြိုး တိုးတက်‌‌ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်‌ဦးစီးမှူး ဒေါ်ချစ်ချစ်စိုးနှင့်အဖွဲ့သည် ယမန်နေ့က တိုင်းဒေသကြီး ရန်ပုံငွေဖြင့် မြင့်မိုရ်ထိပ်ထား ကုမ္ပဏီမှ ဆောင်ရွက်သည့် တလိုင်းခုံကျေးရွာ ၄" ၄၀၀' စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် အင်တိုင်းအင်ကျေးရွာ ၄" ၄၀၀' စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ အေးချမ်းစွာဖြေဆို
Jun 07,2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန် က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မြို့လယ်ဓမ္မာရုံ စာစစ်ဌာန၌ ကျင်းပလျက်ရှိကြောင်း သိရသည်။