ဟိုပုံး ဇွန် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အစိုးရပါဋိပထမပြန်စာမေးပွဲ ပထမနေ့ကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် သီရိမင်္ဂလာဗိမာန်၌ ကျင်းပခဲ့သည်။
အစိုးရပါဋိပထမပြန်စာမေးပွဲတွင် ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီဘာသာ၊ ဘိက္ခုပါတိမောက်ဘာသာ၊ ဓမ္မပဒဒွေမာတိကာဘာသာ/ ဓမ္မပဒဘာသာရပ်များကို အခြေပြုမူလတန်း သံဃာတော်(၇၈)ပါး၊ ပထမငယ်တန်း သံဃာတော်(၅၁)ပါး၊ ပထမလတ်တန်း သံဃာတော်(၄၀)ပါး၊ ပထမကြီးတန်း သံဃာတော်(၂၅)ပါး စုစုပေါင်း သံဃာတော်(၁၉၇)ပါးရှိပြီး ပထမနေ့လာရောက်ဖြေဆိုသည့် သံဃာတော် (၁၃၄)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ စာဖြေဌာနကြီးကြပ်ရေး ဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် တာဝန်ရှိသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့များ ပူးပေါင်း၍ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးမှုများကို ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့အထိ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)