ဒက္ခိဏသီရိမြို့နယ်၌ ပါဠိပထမပြန်စာပေးပွဲတွင် စာဖြေသံဃာနှင့်သီလရှင်(၁၀၃)ပါး ဝင်ရောက်ဖြေဆို

နေပြည်တော် ဇွန် ၇ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်၏ ၂၀၂၁ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲကို ယနေ့မွန်းတည့်(၁၂)နာရီတွင် ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီး၊ ဦးခန္တီတန်ဆောင်း၌ ကျင်းပရာ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ပျဉ်းမနားမြို့၊ မဟာလယ်တီစံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဒမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဌာနာစရိယ၊ ဘဒ္ဒန္တဣန္ဒာဝုဓ မဟာထေရ်မြတ်ကြီးအမှူးပြုသည့် ဆရာတော်သံဃာတော်ကြီးများက ကြီးကြပ်ဆောင်ရွက်ကြသည်။ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၏ ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ အကြီးတန်းဝင်ရောက်ဖြေဆိုသူ သံဃာ(၃)ပါး၊ အလတ်တန်း ဝင်ရောက်ဖြေဆိုသူ သံဃာ(၁၄)ပါး၊ အငယ်တန်း ဝင်ရောက်ဖြေဆိုသူ သံဃာ(၃၈)ပါး၊ အခြေပြမူလတန်း ဝင်ရောက်ဖြေဆိုသူ သံဃာ(၄၂)ပါး၊ အလတ်တန်း ဝင်ရောက်ဖြေဆိုသူ သီလရှင်(၃)ပါး၊ အခြေပြမူလတန်းဝင်ရောက်ဖြေဆိုသူ သီလရှင်(၃)ပါး စုစုပေါင်း(၁၀၃)ပါးတို့ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)