သတင်းများ

သဲကုန်းမြို့တွင် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ စတင်ကျင်းပ
Jun 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ဘုရားကြီးလမ်းရှိ မိုးကောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
လက်ပံတန်းမြို့တွင် စူဠဘွဲ့နှင်းသဘင်နှင့်ပါဠိပထမပြန်စာမေးပွဲကျင်းပ
Jun 07,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စူဠဘွဲ့နှင်း သဘင်နှင့် ပါဠိပထမပြန် စာမေးပွဲကို ယနေ့နံနက် ၉နာရီက ဘုရားကြီးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jun 07,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက် ရှိသောကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကျေးရွာနှစ်ရွာတွင် ကျေးရွာလမ်းခင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်(၁၀:၀၀)နာရီအချိန်ခန့်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
မလှိုင်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Jun 07,2021
သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော၂၀၂၁ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့နေ့လည် ၁၂ နာရီအချိန်မှစတင်၍ မန္တလေးတိုင်းဒေသကြီး၊  မလှိုင်မြို့ ၊ရွှေမုဌောဘုရားကြီး အတွင်းရှိ လယ်/ဆည် ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ အသက်နှစ်နှစ်အောက် ကလေးငယ်များအား အပတ်စဉ်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jun 07,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား အပတ်စဉ် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့သည်။
နွားထိုးကြီးမြို့၌အစိုးရ ပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 07,2021
နွားထိုးကြီးမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ချိုင်းနားကျောင်း စာသင်တိုက်၊ မိဘဂုဏ်ရည် ဓမ္မဗိမာန်၌ ယနေ့မွန်းတည့် (၁၂) နာရီအချိန်က မြို့နယ်သံဃာနာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲအား ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Jun 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၏ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီ က မြို့ကျက်သရေဆောင်ခန်းမ အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်အတွင်းရှိ ကရင်စာပေသင်ကြားလျက်ရှိသော ကျောင်းများမှ ကရင်စာပေအကျိုးတော် ဆောင်များ တွေ့ဆုံဆွေးနွေး
Jun 07,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Center) ခန်းမတွင် မြို့နယ်အတွင်း ကရင်စာပေနှင့် ဘာသာစကားများ မပပျောက်စေရန်နှင့် ပညာ လေ့လာသင်ယူခွင့်ရရှိစေရန် ရည်ရွယ်၍ ကရင်စာပေသင်ကြားလျက်ရှိသော ကျောင်းများမှ ကရင်စာပေ အကျိုးတော်ဆောင်များ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။