ဂန့်ဂေါ ဇွန် ၇
အစိုးရပါဠိပထမပြန်စာမေးပွဲကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါစာဖြေဌာန၌ ယနေ့တွင် စတင်ကျင်းပရာ ပထမကြီးတန်းတွင် (၄)ပါးနှင့် အခြေပြုတွင် (၆)ပါးတို့ ဖြေဆိုတော်မူကြကြောင်း သိရသည်။
စာမေးပွဲကြီးကြပ်သည့် ဆရာတော်များ၊ စာဖြေသံဃာတော်များတို့အား စေတနာရှင်များက ဆွမ်းဆက်ကပ်လှူဒါန်းလျက်ရှိကြရာ ဇွန် (၇) ရက်နေ့တွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဇွန် (၈)ရက် နေ့တွင် ဦးစောလွင်မိသားစု၊ ဇွန် (၉)ရက်နေ့တွင် မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ ဇွန် (၁၀)ရက်နေ့ တွင် မြို့နယ်လမ်းဦးစီးဌာန၊ ဇွန် (၁၁)ရက်နေ့တွင် မြောက်ကုန်းရပ်ကွက်၊ ဇွန် (၁၂)ရက်နေ့တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဇွန် (၁၃) ရက်နေ့တွင် ဦးမြို့ဖေမိသားစုတို့က ဆွမ်း ဆက်ကပ်ရန် ထည့်ဝင်လှူဒါန်းထားကြကြောင်းနှင့် ဇွန်(၇)ရက်နေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွင်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများတို့က တက်ရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ထင်အောင်နိုင် (ဂန့်ဂေါ)