မြဝတီမြို့၊ ရွှေမြင်းဝန်းစေတီတော် သာသနာ့ဟိတကာရီဗိမာန်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

မြဝတီ ဇွန် ၇

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေမြင်းဝန်းစေတီတော်သာသနာ့ဟိတကာရီဗိမာန်တွင် အစိုးရပါဠိပထမ ပြန်စာမေးပွဲ ပထမနေ့ကို  ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပရိယတ္တိသာသနာထွန်းကားပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို မြဝတီစာဖြေဌာနမှ ရဟန်းသံဃာ(၈၃)ပါးနှင့် သီဟရှင်(၁၀)ပါးတို့က ဝင်ရောက်ဖြေဆိုခဲ့ပြီး စာဖြေဌာနကြီးကြပ်ရေးဆရာတော်များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။

အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၇) ရက်နေ့မှ (၁၃)ရက်နေ့ထိ (၇)ရက်တိုင် နေ့စဉ်မွန်းတည့် (၁၂)နာရီမှ နေ့လည်(၃)နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါစာမေးပွဲများတွင် ပထမ အကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမူလတန်းများ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)