မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဂန့်ဂေါမြို့နယ်၌ အကြမ်းဖက် သောင်း ကျန်းသူအဖွဲ့က ပစ်ခတ်သတ်ဖြတ်၊ ဗုံးဖောက်ခွဲမှုဖြစ်စဉ်များမှ ဒဏ်ရာရရှိခဲ့သူ(၂)ဦးအား သွား ရောက်ကြည့်ရှု အားပေးထောက်ပံ့

မကွေး ဇွန် ၇

 

မကွေးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်သည်၊ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီးမင်းဦး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီးလှိုင်တင့်နှင့်အတူ တာဝန်ရှိသူများ လိုက်ပါကာ ယနေ့ နံနက် ၁၀ နာရီအချိန်က ယခုနှစ် မေလ ၃၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဂန့်ဂေါမြို့နယ်၌ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က မော်တော်ယာဉ်(၁)စီးအား မီးရှို့ကာ ယာဉ်ပေါ်ပါသူများကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သူ မကွေးမြို့၊ ခုတင်(၁၀၀) စစ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသော သူနာပြုဆရာမ ဒေါ်သဲမာထွေးအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားကာ စားသောက်စရာများနှင့် ထောက်ပံ့ငွေများ ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ မကွေးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မကွေးမြို့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းအိမ်ယာသို့ သွားရောက်ခဲ့ပြီး ယခုနှစ် မေလ ၃၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က  ဂန့်ဂေါမြို့၊ အ.ထ.က ကျောင်းအား ဗုံးဖောက်ခွဲမှုဖြစ်စဉ်မှ ဒဏ်ရာရရှိခဲ့သူ ဉီးစီးအရာရှိ ဉီးသန်းထိုက်အား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး စားသောက်စရာများ စားသောက်စရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

 

မောင်ညီညာ