သတင်းများ

နောင်ချိုမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်း ဆောင်ရွက်
Jun 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေးအစက်ချ ဆေးတိုက်ကျွေးခြင်း၊ ပေါင်ချိန်ခြင်းများကို ယနေ့နံနက်ပိုင်း က နောင်ချိုမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Jun 07,2021
စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်နိုင်စေရန်၊ စာဖတ်ရှိန် မြင့်မားမှုရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။
ချောင်းဦးမြို့တွင် ပါဠိပထမပြန်စာမေးပွဲကျင်းပ
Jun 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ရွှေကူကြီးဘုရား နဂါးနီသာသနာ့ဗိမာန်တော် ကြီး၌ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ၁၃၈၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲများ စတင်ကျင်းပ ခဲ့သည်။
ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွှဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကျင်းပ
Jun 07,2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍နှစ်စဉ်ကျင်းပသော ၂၀၂၁ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ယနေ့နံနက်က သံတွဲမြို့ စာစစ်ဌာနတွင် စာဖြေသံဃာစာရင်းသွင်း ၆၉ပါးရှိသည့်အနက် ပထမကြီးတန်း ၂ ပါး ၊ ပထမလတ်တန်း ၃ ပါး ၊ ပထမငယ်တန်း ၁၀ ပါး ၊ အခြေပြုမူလတန်း ၂၈ပါး စုစုပေါင်း ၄၃ပါးဖြေဆိုကြကြောင်း ခရိုင်သာသ နာရေး ဦးစီးဌာန မှ သိရှိရသည်။
ကျွန်းစုမြို့တွင် မီးဘေးလုံခြုံရေးပညာပေး စာစောင်နှင့် (191) Sticker များ ဖြန့်ဝေ
Jun 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် (၈) နာရီအချိန်က ပြည်သူများ မီးဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ပါဝင်သည့် မီးဘေးလုံခြုံရေးပညာပေး စာစောင်များနှင့် 191 Sticker များကို မြို့မဈေး၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် မော်တော်ဆိုင်ကယ် များအား 191 Sticker ကပ်ပေးခြင်းနှင့် အမြန်ရေယာဉ်ပေါ်ရှိ ပြည်သူများအားလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်၌ ပါဋိပထမပြန် စာမေးပွဲ ကျင်းပ
Jun 07,2021

ဝက်လက် ဇွန် ၇ စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ်တွင် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က အုဋ်တိုက်ကျောင်း အတွင်း တွင်ပါဋိပထမပြန် စာမေးပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။ ပါဋိပထမပြန်စာ

ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းတွံတေး၌ဆောင်ရွက်
Jun 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသက် တစ်နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။