တနင်္သာရီမြို့မရဲစခန်း အချုပ်ခန်းအတွင်းရှိ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံထားရသည့် အချုပ်သားများအတွက် အလှူရှင်များက ကြက်ဥနှင့်အဟာရများ လှူဒါန်း
Jun 07,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့မ ရဲစခန်းအချုပ်ခန်းအတွင်း ဇွန်လ ၃ရက်နေ့ကစပြီး ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကူးစက်ခံထားရသော အချုပ်သား(၂၇)ဦးနှင့် မကူးစက်သော အချုပ်သား(၇)ဦး၊ စုစုပေါင်း(၃၄)ဦးတို့အတွက် ကိုယ်ခံအားကောင်းပြီး အဟာရဖြစ်စေရန် ရည်ရွယ်လျက် အလှူရှင်များက နေ့စဉ်အသီးသီး လာရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကော့သောင်းခရိုင်၊ လေညာမဏ္ဍိုင်မြို့မှ မငြိမ်း,က ကြက်ဥပြုတ်နှင့် သီးစုံဓာတ်ဆား၊ ဆူရီလေကပ်ဆေးတို့အား အဝေးရောက် ပေးပို့လှူဒါန်းလာပါသဖြင့် ၎င်းအလှူရှင်ကိုယ်စား မြို့ရဲစခန်းမှ ရဲတပ်ကြပ်ကြီးကျော်ဆွေမှ စခန်းရုံးတာဝန်ခံ ရဲအုပ်အောင်ကြည်သိန်းထံသို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။