ဝေါလေမြိုင်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 13,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် ပထမအကြိမ် မဲစာရင်းကြေညာပေးခြင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့ထိ ကြေညာပေးခဲ့ပြီးနောက် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဩဂုတ်လ ၁၄ ရက်နေ့ အထိ ၇ ရက်ထပ်မံကြေညာပေးခဲ့ရာ ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုကြရန် အသိပညာပေးခြင်းအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် "မဲစာရင်းတွင်သင့်နာမည်ပါဝင်သလား" ပိုစတာနှင့် လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီက လူစည်ကားရာနေရာများတွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။