ကံမ ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၁ ခုနှစ် ပထမပြန်စာမေးပွဲကို ကံမမြို့၊ အမှတ်(၃)ရပ်ကွက်၊ ယွန်းကျောင်း ပရိယတ္တိစာသင်တိုက်၌ ယနေ့ နေ့လယ် ၁၂ နာရီမှ စတင်၍ ရဟန်း၊ သာမဏေများ ဖြေဆိုလျက်ရှိသည်။
အဆိုပါ ပထမပြန် စာမေးပွဲကို ဇွန် ၇ ရက်မှ ဇွန် ၁၃ ရက်နေ့အထိ (၇) ရက်တိုင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း၌ ရဟန်း (၂) ပါး၊ ပထမလတ်တန်း၌ သာမဏေ (၁) ပါး၊ ပထမငယ်တန်း၌ သာမဏေ (၁) ပါးနှင့် အခြေပြုမူလတန်း၌ ရဟန်း(၁)ပါး သာမဏေ (၁၈) ပါး စုစုပေါင်းရဟန်း သာမဏေ (၂၃) ပါးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
စာမေးပွဲ ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအား စာမေးဖြေဆိုသည့် ရက်များ၌ အာရုံဆွမ်း၊ နေ့ဆွမ်းအစရှိသည့် ဆွမ်းကွမ်း ဝေယျာဝစ္စများကို မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။
ကျော်ဇေယျဝင်း(ကံမ)