ဇီးကုန်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ
Jun 07,2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ နှစ်စဉ် ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းနှင့် အခြေပြုမူလတန်း ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုခြင်းကို ယနေ့နေ့လည် (၁၂) နာရီက ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မြို့လယ်မြသိန်းရံ စွယ်တော်မြတ်စေတီ ပဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။