ဟုမ္မလင်း ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ဟုမ္မလင်းမြို့တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်က ဟုမ္မလင်းမြို့နယ်သံဃနာယကအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ဟုမ္မလင်းမြို့နယ်၌ အစိုးရပါဠိ ပထမပြန်ဖြေဆိုရာတွင် အခြေ ပြုမူလတန်း (၉)ပါး၊ ပထမငယ် တန်း (၈)ပါး၊ပထမလတ် (၃)ပါး၊ ပထမကြီးတန်း(၁) စုစုပေါင်း(၂၁)ပါး ဖြစ်ပြီး၊ အဆိုပါပထမပြန်စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ဘာသာရပ်အလိုက် ဖြေဆိုကြ မည်ဖြစ် ကြောင်းသိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုစဉ်အတွင်း မြို့နယ်စီမံအုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ဒေသခံအလှူရှင်များမှ နေ့စဉ်ဆွမ်းကွမ်းဝေယျာဝစ္စများနှင့် လုံခြုံရေး ၊ ကျန်းမာရေး ကိစ္စရပ်များကို ဖြည့်ဆည်းပံ့ပိုး လှူဒါန်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
လင်းလင်း