ကွမ်းခြံကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ကွမ်းခြံကုန်း ဇွန် ၇ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးထွန်းဝင်းစိုး ဦးဆောင်သော အဖွဲ့သည် ယနေ့ နံနက် (၈)နာရီက ကွမ်းခြံကုန်းမြို့ လူစည်းကားရာ ဗိုလ်ချုပ်လမ်းမပေါ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ ပေးခြင်းကို ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထားသော စည်းကမ်းများ ကို လိုက်နာရန်နှင့် လမ်းထွက်သွားလာပါက မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ကြရန်၊ ပြည်သူများသို့ နှာခေါင်းစည်း (၃၀၀၀) ဖြန့်ဝေခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)