ရေနံချောင်းမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ရေနံချောင်း ဇွန် ၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ရေနံချောင်းမြို့ မြို့မမြောက် ရပ်ကွက်ရုံးရပ်ရှိ သဒ္ဓသုခီရာပြည့်သာသနာ့ဗိမ္မာန်တော်ကြီး စာဖြေဌာန စတင်ဖြေဆိုလျက် ရှိသည်။

ရေနံချောင်းမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် စာရင်းသွင်းသံဃာ ၈၇ ပါးအနက် ပထမကြီးတန်းတွင် ၁၇ ပါး၊ ပထမလတ်တန်းတွင် ၁၆ ပါး၊ ပထမငယ်တန်းတွင် ၁၅ ပါး၊ အခြေပြုမူလတန်းတွင် ၁၆ ပါး စုစုပေါင်းရဟန်းသံဃာ ၆၄ ပါး ကြွရောက်ဖြေဆိုကြသည်။ ရေနံချောင်းမြို့၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ဇွန် ရက်မှ ၁၃ ရက်အထိ ဩဝါဒ စရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်များနှင့် မြို့နယ်သာသနာရေးမှူးတို့က ကြီးကြပ် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက်ရှိသည်။

စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက စာဖြေသံဃာတော်များအား နေ့စဉ်ဆွမ်းနှင့်အချိုရည်များ ဆက်ကပ်လျက်ရှိပြီး ကျန်းမာ ရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲတို့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

စိုးသူအောင်