ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ပုဗ္ဗသီရိ ဇွန် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စာသင်သံဃာတော်များနှင့် သီလရှင်များ၏ ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုခြင်းကို မြို့နယ် သာသနာရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့ မွန်းတည့် ၁၂:၀၀နာရီ မှစတင်ကာ အောင်စည်သာ ကျောင်းတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက် ရှိသည်။

ထိုသို့ဖြေဆိုနေမှုအား မြို့နယ်သံဃနာယကဆရာတော်နှင့် ဩဝါဒစရိယဆရာတော်ကြီးများမှ ကြီးကြပ်၍ ပထမကြီးတန်းတွင် စာဖြေသံဃာ (၁၈)ပါး၊ ပထမလတ်တန်းတွင် စာဖြေသံဃာ (၂၈)ပါး၊ သီလရှင် (၂၆)ပါး၊ ပထမငယ်တန်းတွင် စာဖြေသံဃာ (၄၂)ပါး၊ သီလရှင် (၂၆)၊  အခြေပြုမူလတန်းတွင် စာဖြေသံဃာ (၆၉)ပါး၊ သီလရှင် (၃၉)ပါး စုစုပေါင်း စာဖြေသံဃာနှင့် သီလရှင် (၂၄၈)ပါး ဝင်ရောက်ဖြေဆိုကြပြီး ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဖြေဆိုနေကြောင်း သိရသည်။ အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ဇွန်လ  ၁၃   ရက်နေ့အထိ (၇) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)