ရန်ကုန် ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ဘုရင့်နောင် လမ်းမကြီး၊ ပိတောက် လမ်းထိပ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသဖြင် ကြက်ခြေနီ အသင်း (အင်းစိန်) မှ ယမန်နေ့ ည(၈)နာရီအချိန်က ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ဆေးရုံ သို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ဘုရင့်နောင်လမ်းမကြီး၊ပိတောက်လမ်း ထိပ်တွင် အမျိုးသား တစ်ဦး အား ကားတိုက်သွားကြောင်း သိရသဖြင့် ကြက်ခြေနီအသင်း(အင်းစိန်)၊တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့ လုပ်အား ရှင်များက လူနာတင်ယာဉ်ကား(၁)စီးဖြင့် သွားရောက်၍ ရှေးဦးပြုစု နည်းဖြင့် ကျန်းမာ ရေး စောင့်ရှောက်မှု ပေးခဲ့ပြီး ဒဏ်ရာ ရရှိသူ အမျိုးသားတစ်ဦးအား လှိုင်သာယာ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ကြက်ခြေနီ အသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား(၂)စီးဖြင့် ကျန်းမာ ရေးစောင့် ရှောက်မှု ပေးလျက်ရှိပြီး လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ အင်းစိန်မြို့နယ်၊မြန်မာ့စီးပွားရေး ဘဏ်တွင် ပင်စင် လာရောက် ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှု ပေး လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)