ပျော်ဘွယ် ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ရှမ်းပွဲရပ်ကွက်ရှိ ရာပြည့်သာသနာ့ ဗိမာန်တော်၌ ယနေ့မွန်းတည့်(၁၂)နာရီမှ စတင်ကျင်းပခဲ့ကြောင်းသိရသည်။
ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဝိလာသ ထံသို့ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များမှစုပေါင်းလှူဒါန်းသည့် ငွေကျပ်(၁၀၂၁၀၀)ကို ရမည်းသင်း တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်ထွန်းဦးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင် တို့က ဆက်ကပ် လှူဒါန်းကြသည်။
ပါဠိပထမပြန်စာမေးပွဲကျင်းပရာတွင် မူလတန်းအခြေပြု စာရင်းရှိသံဃာ(၃၂) ပါး၊ ဖြေဆိုသံဃာ(၁၁)ပါး၊ ပထမ ငယ်တန်းစာရင်းရှိသံဃာ(၁၆)ပါး၊ ဖြေဆိုသံဃာ(၄)ပါး၊ ပထမလတ်တန်း စာရင်းရှိသံဃာ(၁၇)ပါး၊ ဖြေဆိုသံဃာ(၂)ပါး၊ ပထမကြီးတန်း စာရင်းရှိသံဃာ(၇)ပါး၊ ဖြေဆိုသံဃာ(၆)ပါး၊ စုစုပေါင်းစာရင်းရှိသံဃာ(၇၂)ပါးရှိသည့်အနက် ဖြေဆို သံဃာ(၂၃)ပါးရှိကြောင်း၊ အဆိုပါစာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ ဇွန်(၁၃)ရက်နေ့အထိ နေ့စဉ်မွန်းတည့်(၁၂)နာရီမှ မွန်းလွဲ(၃)နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
မင်းမင်းထွေး