ရမည်းသင်းမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပဖြေဆို

ရမည်းသင်း   ဇွန်  ၇

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် သာသနာ့ဗိမ္မာန်တော်ကြီးတွင်၂၀၂၁ခုနှစ်၊အစိုးရ ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုပွဲကို ယနေ့မွန်းတည့် ၁၂နာရီက ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဓမ္မာစရိယစာမေးပွဲကို ဇွန် ၁ ရက်မှ စတင်ဖြေဆိုခဲ့ရာ(၇)ရက်မြောက်နေ့အဖြစ် မြန်မာစာဂုဏ်ထူးဘာသာကို မွန်းတည့်(၁၂)နာရီမှညနေ (၄) နာရီထိလည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲပထမနေ့ကို ဇွန် ၇ ရက် မှ၁၃ ရက်နေ့ထိ နေ့စဉ်မွန်းတည့် (၁၂)နာရီမှ ညနေ(၃)နာရီထိ လည်းကောင်းဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

ရမည်းသင်းမြို့နယ်အတွင်း စာသင်တိုက်(၈)တိုက်မှ မြန်စာဂုဏ်ထူးဘာသာတွင် ဓမ္မာစရိယ စာဖြေသံဃာ(၄)ပါး၊သီလရှင်တစ်ပါးနှင့်ပါဠိပထမပြန်စာမေးပွဲဖြေဆိုမည့်ပထမကြီးတန်း(၂၀) ပါး၊ ပထမလတ်တန်း(၂၇)ပါး၊ပထမငယ်တန်း(၃၆)ပါးနှင့် အခြေပြုမူလတန်းစာဖြေသံဃာ (၅၄)ပါး ၊ စုစုပေါင်း(၁၄၁)ပါး၊ ဓမ္မာစရိယစာမေးပွဲသီလရှင်တစ်ပါးနှင် ပါဠိပထမပြန်စာမေးပွဲ သီလရှင်(၄)ပါး ဖြေဆိုကြောင်း မြို့နယ်သာသနာရေးဦးစီးဌာန  တာဝန်ရှိသူကပြောသည်။

ရမည်းသင်းခရိုင်(ပြန်/ဆက်)