တနင်္သာရီ ဇွန် ၇
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့မ ရဲစခန်းအချုပ်ခန်းအတွင်း ဇွန်လ ၃ရက်နေ့ကစပြီး ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကူးစက်ခံထားရသော အချုပ်သား(၂၇)ဦးနှင့် မကူးစက်သော အချုပ်သား(၇)ဦး၊ စုစုပေါင်း(၃၄)ဦးတို့အတွက် ကိုယ်ခံအားကောင်းပြီး အဟာရဖြစ်စေရန် ရည်ရွယ်လျက် အလှူရှင်များက နေ့စဉ်အသီးသီး လာရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကော့သောင်းခရိုင်၊ လေညာမဏ္ဍိုင်မြို့မှ မငြိမ်း,က ကြက်ဥပြုတ်နှင့် သီးစုံဓာတ်ဆား၊ ဆူရီလေကပ်ဆေးတို့အား အဝေးရောက် ပေးပို့လှူဒါန်းလာပါသဖြင့် ၎င်းအလှူရှင်ကိုယ်စား မြို့ရဲစခန်းမှ ရဲတပ်ကြပ်ကြီးကျော်ဆွေမှ စခန်းရုံးတာဝန်ခံ ရဲအုပ်အောင်ကြည်သိန်းထံသို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
အလားတူ အဆိုပါအချုပ်သား(၃၄)ဦးတို့၏ အဝတ်အစားများအား သုံးရက်လျှင် တစ်ကြိမ် အဝတ်များကိုလဲလှယ်ပြီး အဝတ်အဟောင်းများကို မီးရှို့ဖျက်ဆီးလျက်ရှိသဖြင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးရယ်လွင်တို့က စွပ်ကျယ်အင်္ကျီနှင့် ရှပ်အင်္ကျီ(၃၄)ထည်စီ လာရောက်လှူဒါန်းကြောင်း၊ သို့ပါ၍ အဆိုပါအချုပ်သား(၃၄)ဦးအတွက် ကြက်ဥစသော အစားအသောက်အဟာရများ၊ လုံချီ/အင်္ကျီစသဖြင့် အဝတ်အထည်များကိုလှူဒါန်းလိုပါက တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့ရုံးသို့ Ph, 059 4755015 / 094;2222 5688 တို့ဖြင့် ဆက်သွယ်၍ ကုသိုလ်ပြု လှူဒါန်းနိုင်ကြောင်း မြို့မရဲစခန်းမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း