ကောလင်းမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့စတင်ကျင်းပ

ကောလင်း ဇွန် ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းခရိုင်၊ ကောလင်းမြို့ မြောက်အင်းရပ်ကွက် ဥတ္တရာရာမ ပရိယတ္တိ စာသင်တိုက်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့်  ပါဠိပထမပြန်စာမေးပွဲကို ခရစ်နှစ် ၂၀၂၁ ခုနှစ် ဇွန် ၇ ရက် (မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကဆုန်လပြည့် ကျော် ၁၃ရက်)ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က   ကျင်းပခဲ့သည်။

 

 

ကောလင်းမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုသည့်နေ့တွင် အခြေပြုမူလတန်း၊ ပထမ ငယ်တန်း ၊ပထမလတ်တန်း ၊ပထမကြီးတန်း စာရင်းသွင်းသံဃာ ရဟန်း ၁၇ပါး သာမဏေ ၆၃ပါး၊သီလရှင် ၁၁ပါး စုစုပေါင်း၉၀ ပါးအနက် ရဟန်း ၁၄ ပါး၊ သာမဏေ ၃၆ ပါး၊ စုစုပေါင်း ၅၀ပါးကြွရောက်ဖြေဆိုခဲ့သည်။  ပါဠိပထမပြန်စာမေးပွဲကို  ဇွန် ၇ ရက်မှ ၁၃ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပမည်ဖြစ်ကြောင်း ခရိုင်သာသနာရေးမှူး ဦးကျော်မင်းနိုင်ထံ မှ သိရသည်။

 

အဆိုပါ စာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းဆောင် ရွက်ခဲ့ပြီး မြို့နယ်ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အကျိုးတော် ဆောင်များနှင့် စာမေးပွဲကြီးကြပ်ရေးအဖွဲ့က ကြီးကြပ်ဆောင်ရွက်လျက် ရှိသည်။

ကောလင်းခရိုင်အတွင်း အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုသည့်နေ့တွင် အခြေပြုမူလတန်း ၄၁ပါး၊ ပထမ ငယ်တန်း ၂၅ပါး၊ပထမလတ်တန်း ၄၄ပါး၊ပထမကြီးတန်း ၂၈ပါး စုစုပေါင်း စာဖြေသံဃာ ၁၃၈ပါး ဖြေဆိုလျက်ရှိကြောင်းသိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)