ကသာမြို့ရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုပင်စင်ထောက်ပံ့ငွေများ သွားရောက် ပေးအပ်

ကသာ ဇွန် ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကသာခရိုင်လူမှုဝန်ထမ်း ဦးစီး ဌာနမှ တာဝန်ရှိသူများသည် ကသာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများ အား ယနေ့ နံနက်(၁၀) နာရီအချိန်ခန့်က လူမှုပင်စင်ထောက်ပံ့ငွေများ အိမ်အရောက် သွား ရောက် ပေးအပ်ခဲ့သည်။

  

၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ ဒုတိယသုံးလပတ် (ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လ)တွင် ကသာ မြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၅၄၅)ဦးရှိ‌ကြောင်း၊  ယနေ့နံနက်တွင် ကသာမြို့၊ ပတ္တမြား ရပ်ကွက် ရှိ ဘိုးဘွားများကို လူမှုပင်စင်ထောက်ပံ့ငွေများ ‌သွားရောက် ပေးအပ်ခြင်းဖြစ်ရာ ကသာမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌဦးထက်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်အေးမော်နှင့် ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေး များ လိုက်ပါခဲ့ကြောင်း သိရသည်။

  

 

 ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ ဒုတိယသုံးလပတ် (ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လ)တွင် ကသာ ခရိုင်နှင့် ကောလင်းခရိုင်အတွင်း၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၃၄၃၆)ဦးရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဘိုးဘွားတစ်ဦးလျှင် ငွေ(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၁၀၃၀)သိန်းကျော် တို့ကို ထောက်ပံ့ပေးလျက်ရှိကြောင်း ခရိုင်လူမှုဝန် ထမ်းဦးစီး ဌာနမှ သိရသည်။

 

ခရိုင် (ပြန်/ဆက်)