သတင်းများ

မိုးနဲမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့စတင်ဖြေဆို
Jun 07,2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ စာစစ်ဌာန၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲဖြေဆို
Jun 07,2021
၂၀၂၁ခုနှစ်၊ ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ ခရိုင်၊ ရေတာရှည်မြို့နယ် မြို့ဦးပရိယတ္ တိစာသင် တိုက်တွင် ယနေ့ နေ့လယ်(၁၂)နာရီက စတင် ကျင်းပခဲ့ သည်။
ဖြူးမြို့နယ်၌ ၂၀၂၁ ခုနှစ် ပါဠိပထမပြန် စာမေးပွဲ ကျင်းပ
Jun 07,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူး မြို့နယ်၌ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်၌ သြဝါဒစရိယ ဆရာတော်ကြီး များ ကြီးကြပ်ကာ ပါဠိပထမပြန်စာမေးပွဲကိုမြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း မြို့နယ်လဝကဦးစီးဌာနမှ သိရ သည်။
သနပ်ပင်မြို့နယ်၌ (၃၅)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲနှင့် (၃၄)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 07,2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသရေးဦးစီးဌာနမှ နှစ်စဉ် ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ (၃၅)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲနှင့် (၃၄)ကြိမ်မြောက် စူဠဘွဲ့နှင့်သဘင် အခမ်းအနားကို ယနေ့ နံနက် မွန်းတည့် ၁၂ မှ ညနေ ၃နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြို့မ ပရိယတ္တိစာသင်တိုက် ရတနာဃရဝိဟာရ ကျောင်းဆောင်၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
မြိတ်မြို့တွင် တောင်သူများအား လုပ်ငန်းရှင်တစ်ဦးမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ အတိုးမဲ့ ထုတ်ချေးပေး
Jun 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ ကျေးရွာ(၃)ရွာမှ တောင်သူ(၅၃)ဦး အား လုပ်ငန်းရှင်တစ်ဦးမှ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက်(၁၀)နာရီက ကျောက်ဖျာကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် လယ်တစ်ဧက တစ်သိန်းကျပ်နှုန်းဖြင့် အတိုးမဲ့ ထုတ်ချေးပေးခဲ့သည်။
ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
Jun 07,2021
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်ချောမွေ့စေရေးအတွက် ဘားအံမြို့ရှောင်လမ်းဖောက်လုပ်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဘုတ်ပြင်းမြို့နယ်တွင် မီးဘေးလုံခြုံရေး ပညာပေးစာစောင်များ အသိပညာပေးဖြန့်ဝေ
Jun 07,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များ သည် ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံများ တွင်ပြည်သူများအား တနင်္သာရီတိုင်း ဒေသကြီး မီးသတ် ဦးစီးမှူး ရုံးမှထုတ်ဝေသည့် မီးအန္တရာယ်ကာကွယ်ရေးနှင့် မီးဘေး လုံခြုံရေးပညာပေး လက်ကမ်း စာစောင် များအား အသိပညာပေးဖြန့်ဝေလျက်ရှိကြောင်းသိရသည်။