မလှိုင် ဇွန် ၇
သာသနာရေးနှင့်ယဥ်ကျေးမှု၀န်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသော၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို ယနေ့နေ့လည် ၁၂ နာရီအချိန်မှစတင်၍ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့ ၊ ရွှေမုဌောဘုရားကြီးအတွင်းရှိ လယ်/ဆည် ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲသို့ မလှိုင်မြို့နယ်အတွင်းမှ ရဟန်းသံဃာတော်နှင့် သီလရှင်ဆရာလေး( ၄) ပါး အပါအ၀င်စုစုပေါင်း ( ၆၇) ပါးဖြစ်ပြီး ၀င်ရောက်ဖြေဆိုသူ ( ၅၄ )ပါး ရှိသည် ။ ပထမကြီးတန်းတွင် ၀င်ရောက်ဖြေဆိုသူ (၁၅)ပါး ၊ ပျက်ကွက်(၁)ပါး ၊ ပထမလတ်တန်းတွင်ဖြေဆိုသူ( ၁၂) ပါး ၊ ပထမငယ် တန်းတွင် ဖြေဆိုသူ(၁၆) ပါး၊ ပျက်ကွက် (၃) ပါး၊ မူလတန်းတွင် ၀င်ရောက်ဖြေဆိုသူ(၁၁)ပါး ၊ ပျက်ကွက်(၉) ပါးရှိပြီး စုစုပေါင်း၀င်ရောက်ဖြေဆိုသူသံဃာ (၅၄)ပါး ၊ ပျက်ကွက်(၁၃)ပါးရှိကြောင်းသိရသည်။
ပါဠိပထမပြန် စာမေးပွဲဖြေဆိုရာသို့မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့၀င်များ၊ အကျိုးတော်ဆောင် သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့၀င်များ ကသွားရောက် အားပေးကြည့်ရှုခဲ့ပြီး အအေးများ ဆက်ကပ် လှုဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)