ပန်းတနော်၊ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို အလယ်ပိုင်းရပ်ကွက် တံတားဦး ကျောင်းတိုက် ပုလဲရတုအဆောင်ခန်းမ၌ ယနေ့ နေ့လယ် ၁၂ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုသူ စာရင်းရှိ သံဃာတော်အပါး (၄၀)ပါး ရှိရာမှ ဝင်ရောက်ဖြေဆိုသူ သံဃာတော် (၃၄) ပါး၊ ပျက်ကွက်သူ သံဃာတော် (၆)ပါးရှိကြောင်း သိရ သည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲသို့ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် ဝန်ထမ်းများ၊ အထက(၁) အခြေခံပညာအထက် တန်းကျောင်းမှ ဆရာ/ မ များက စာမေးပွဲဖြေဆိုသူ သံဃာတော်အရှင်သူမြတ်များအား အအေးဗူးများ လာရောက် ဆပ်ကပ်လှူဒါန်းခဲ့သည်။