မော်လမြိုင် ဇွန် ၇
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်များ၊ ပြည်နယ်ဥပ ဒေချုပ်၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများတို့သည် ယနေ့နံနက် ၁၁ နာရီက ချောင်းဆုံမြို့ နယ် ကျွန်းသာယာခန်းမတွင် ကျင်းပပြုလုပ်သည့် (ပန်းခင်းစီမံချက်)ဖြင့် ဆောင်ရွက်ခဲ့သော အိမ်ထောင် စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်သည်။
အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက "မြန်မာနိုင်ငံအတွင်း နေထိုင်နေကြတဲ့ ပြည်သူတွေကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာမှ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒေနှင့် အညီ မိသားစုအလိုက် မှတ်ပုံတင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးရပါကြောင်း၊ ယခုလဝကဌာနမှ ဆောင်ရွက်နေသော ပန်းခင်းစီမံ ချက်တွင် ကျန်ရှိသည့် ကျေးရွာများ တစ်ခုမကျန် တစ်ဦးမကျန် စိစစ်ပြီး ကွင်းဆင်းဆောင် ရွက်ပေးမှာဖြစ်ပါကြောင်း၊ ယခုလုပ်ငန်း အောင်မြင်ဖို့အတွက် အဓိက အခရာကျသည်မှာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးမှူး များအနေဖြင့် မည်သည့်ကတ်မျှ ကိုင်ဆောင်ထားခြင်းမရှိသူများ တစ်ဦးချင်းစာရင်းကို မိမိဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ Volunteer များဖြင့် ပြည့်ပြည့်စုံစုံ သေချာစွာစိစစ်ပေးမှသာ မြို့နယ်လဝကဌာနမှ အမှန်တကယ်လိုအပ်သူများကို ကွင်း ဆင်းဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း" ပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးအောင်ကြည်သိန်းမှ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီ ဝင်များနှင့် တာဝန်ရှိသူများတို့က ရပ်/ ရွာဒေသခံပြည်သူများထံ ပေးအပ်ခဲ့သည်။
ယင်းနောက် ချောင်းဆုံမြို့နယ်ပန်းခင်းစီမံချက်ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုအား ပြသပြီး ပန်းခင်းစီမံချက်ဖြင့် ဝန်ဆောင်မှုရ ယူခဲ့သော ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူတင်စကားပြန်လည်ပြော ကြားခဲ့သည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားတွင် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၈)အုပ်စုမှ လူဦးရေ(၈၈၀)ကို နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေလင်း