ဘုရားသုံးဆူမြို့၌ ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆို

ဘုရားသုံးဆူ ဇွန် ၇ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ၂၀၂၁ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့အား ဓမ္မဟေဝန် (ဘက) ကျောင်း၌ ယနေ့ မွန်းလွဲ (၁) နာရီအချိန်တွင် စာဖြေသံဃာများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါ စာမေးပွဲကို ဘုရားသုံးဆူမြို့ ရပ်/ကျေး သံဃနာယက တိုင်တစ်ရာကျောင်း ဆရာတော် ဘဒ္ဒန္တ ဓမ္မဓဇ ဦးဆောင်၍ ကြီးကြပ်ဆရာတော် (၇) ပါးဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပြီး စာဖြေသံဃာတော်များအနေဖြင့် အကြီးတန်း (၄)ပါး၊ အလတ်တန်း (၈)ပါး၊ အငယ်တန်း (၁၄)ပါး၊ အခြေပြုမူလတန်း (၃၀)ပါး၊ စုစုပေါင်း (၅၆)ပါးရှိပြီး ပထမနေ့တွင် စာဖြေသံဃာ (၄၄)ပါး၊ ပျက်ကွက် (၁၂)ပါး ရှိကြောင်း၊ ယခင်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာဖြေသံဃာပေါင်း (၃၅)ပါးဝင်ရောက်ဖြေဆိုပြီး (၁၈)ပါး အောင်မြင်ကြောင်း ဘုရားသုံးဆူမြို့ သာသနာရေးဦးစီးဌာနမှ သိရသည်။ ဘုရားသုံးဆူ (ပြန်/ဆက်)