သာစည် ဇွန် ၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်၌ စတင်ဖြေဆိုလျက် ရှိကြောင်းသိရသည်။
ပါဠိပထမပြန်စာမေးပွဲကိုကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီဖြေဆိုလျက်ရှိပြီး အတန်း လေးတန်းဖြင့် ဖြေဆိုရာ ပထမကြီးတန်း၌ သံဃာတော် ၁၅ ပါးနှင့် သီလရှင် ၁ ပါး၊ပထမလတ်တန်း၌သံဃာတော် ၁၁ ပါးနှင့်သီလရှင် ၂ ပါး၊ ပထမငယ်တန်း၌သံဃာတော် ၁၅ ပါးနှင့် အခြေပြုမူလတန်း ၌သံဃာတော် ၁၅ ပါးတို့ဖြေဆိုရန်စာရင်းရှိပြီး ပထမနေ့ဘာသာရပ်တွင် ပထမကြီးတန်း၌ သံဃာတော် ၉ ပါးနှင့် သီလရှင် ၁ ပါး၊ ပထမလတ်တန်း၌သံဃာတော် ၁၀ ပါးနှင့် သီလရှင် ၂ ပါး၊ ပထမငယ်တန်း၌သံဃာတော် ၁၁ ပါးနှင့် အခြေပြုမူလတန်း၌သံဃာတော် ၁၁ ပါးတို့ဖြေဆိုလျက်ရှိကြောင်းနှင့် အဆိုပါပါဠိပထမပြန် စာမေးပွဲကို ဇွန် ၁၃ ရက်ထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်