သတင်းများ

မြောင်းမြမြို့၌ အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်(ငယ်၊လတ်၊ကြီး)နှင့် အခြေပြုမူလတန်းစာမေးပွဲ ဖြေဆိုသည့် သံဃာတော်များအား အလှူငွေများ ဆက်ကပ်လှူဒါန်း
Jun 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်(ငယ်၊လတ်၊ကြီး)နှင့် အခြေပြုမူလတန်းစာမေးပွဲဖြေဆိုသည့် သံဃာတော်များအား အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲက စကြာသီဟ၊ စကြာနန္ဒဘုရားဝန်းရှိ ထွန်းညွန့်ရတနာစံကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ
Jun 08,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ မွန်းတည့် (၁၂)နာရီက အောင်လံမြို့ စမ်းချောင်းရပ်ကွက် အ-ထ-က(၁)ကျောင်း ရွှေရတုခန်းမ စာဖြေဌာနတွင် စတင်ဖြေ ဆိုခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် GAP နည်းစနစ်ဖြင့် မိုးသီးနှံများစိုက်ပျိုးနိုင်ရေး မြေနမူနာများရယူ
Jun 08,2021
နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ညောင်ကျပ္ပင်ကျေးရွာသို့ ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်ကGAPနည်းစနစ်ဖြင့်မိုးသီးနှံစိုက်ပျိုးနိုင်ရန်အတွက် မြေနမူနာများရယူနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ရေစကြိုမြို့နယ်ဇီးတောကျေးရွာ အလကကျောင်းဆောင်မီးလောင်မှုဖြစ်ပွား
Jun 08,2021
ရေစကြိုမြို့နယ်ဇီးတောကျေးရွာ အလကကျောင်းဆောင် ဇွန် ၇ ရက်ည ၉ နာရီအချိန်ခန့်ကမီးလောင်မှု ဖြစ်ပွား သည်။ မီးလောင်ရာသို့ ရေစကြိုမြို့နယ်မီးသတ်တပ်ဖွဲ့မှ သွားရောက်ငြိမ်းသတ်ခဲ့ပြီး ည ၉ နာရီ ၄၀ မိနစ်အချိန် ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်မလွန်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းပြု လုပ်ပေး
Jun 08,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများနိုင်ငံသား စိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ဇွန်လ ၇ ရက်နံနက် (၈) နာရီအချိန်က မင်းလှမြို့နယ် မလွန်ကျေးရွာ၌ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်းဝန်ထမ်းများအား တွေ့ဆုံမှာကြား
Jun 08,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ရန် ဒေသအသီးသီးမှ ရွှေ့ပြောင်းရောက်ရှိလာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်း ဝန်ထမ်းများအား ယမန်နေ့နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားသည်။
မြောင်းမြမြို့၌ အစိုးရဓမ္မာစရိယ ပါဠိပထမပြန်နှင့် အခြေပြုမူလတန်းစာမေးပွဲဖြေဆိုသည့် သံဃာတော်များအားအလှူငွေများဆက်ကပ်လှူဒါန်း
Jun 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၁ ခုနှစ် ၊အစိုးရဓမ္မာစရိယ၊ ပါဠိပထမပြန်(ငယ်၊လတ်၊ကြီး) နှင့်အခြေပြုမူလတန်းစာမေးပွဲဖြေဆိုသည့် သံဃာတော်များအား အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်(၁:၃၀) အချိန်က စကြာသီဟ၊ စကြာနန္ဒ ဘုရားဝန်းရှိ ထွန်းညွန့်ရတနာစံကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် အနောက်ပိုင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးမှ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်မိ/ရပ်ဖများနှင့်တွေဆုံပွဲ ကျင်းပ
Jun 08,2021
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် အနောက်ပိုင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများ ရပ်မိ/ရပ်ဖများနှင့်တွေဆုံပွဲအခမ်းအနားကို​​ မေယုခန်းမ၌နေ့လည်၁၂:၃၀ အချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။